ယူနီဗာစီတီဘွဲ့လေးချိုးကြီး
____
ဘွိုင်းကောက်အဖြစ်မှာ မေတ္တာအထည်မသေးသော်လည်း
မှိုင်းတယောက် မစ္စတာ ချစ်စရာမမယ်သေးနိုင်ဘု
သစ္စာတကယ်သွေးတွေဟဲ့လို့ တွေးသနဲ့ နောင်ဘို့အလို
(အိုကွယ်) ခေတ္တရာနယ်တကျေးဆီက မေးရက်မောင်တို့ကို။
(အော်) ဝေးခရီးပေမဲ့
အရေးကြီးလျှင်ဖြင့် သွေးနီးရာ ပါစမြဲပေမို့
ဆရာလဲကွာ ပထမအရင် ကနဦးဆီက
မြန်မာ့တခွင်မှာ သမတရှင်ဘုရင် မလူးခင်ပ
ထ ဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့
ထီမထင် ကျောင်းတော်သားတွေသို့
အမည်အစဉ်မှာ ဂေါင်းအပေါ်အဖျားတွင်မှ
မင်းရို့ ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့
(သြ) ဘုရား သိကြားတွေ မ လို့မို့
အများဝေနေယျာတို့ဘို့
အရှည် သမယ ပဝေ သရေခေတ်ဆီက
ငွေဖြစ်သူဆရာအောင်ရဲ့ပြင်
မြန်မာဘောင် ပေါက္ကံတိုင်းတွင်မှ
သမိုင်းတစောင်သစ်ခဲ့တဲ့
အဇ္ဇဂေါနာ ဆရာရှင်မထီးတို့လိုပ
ဖြစ်ကြသောအခါ တာအဝင်မှာ ပြီးစေဘို့
ခရီးသည် ရောက်ရာကြိုးခဲ့တယ်
အမျိုးအတွက် သဒ္ဒါတရကိုယ်ပါနော်ကွယ်
မြိုးမြိုးမြက်မြက် အကျိုးနက်စေဘို့ ထိုးရက်ပါကို။
အနှစ်တထောင်ရှေစွာ နေစရာတမျိုးရဲ့ပြင်
မဖြစ်ဖြစ်အောင် သေသေချာချာ ထိုးရပါတော့
ပြေမြန်မာ တရိုးတွင်ဖြင့်
ရွှေငွေအသပြာမိုးတွေနဲ့ သွန်းဖြိုးဗြဟ္မစိုရ်
အစွမ်းတန်ခိုး ထိုထိုရယ်နှင့် ဂရုဏာ မေတ္တာပွား
(အိုကွယ်) လွမ်းမိုးတညိုညိုရယ်နှင့် သမုဒယ သစ္စာတရား။
မှိုင်းဟဲ့နော်
တိုင်းနယ့်ပြေပေါ်မဖြင့်
ကသိုဏ်းနဲ့ဖြေဖျော်တဲ့
တဇေယျော် အထိကရ တပါးပေပေါ့
ကဝေအကျော်အမော် တပည့်မတွေကလဲ များချိန်မို့
အစိအငှသွားကာ ဆန်ကိုခံကြတော့
ယမန် ဟိုပုဂံ သရေခေတ်တို့လို
အမှန်ထိုအကြံ ရွှေတွေငွေတွေ ဖြစ်လျှင်ဖြင့်
အရှေချစ်မကွယ် သဒ္ဓါပေါက်သူက
ပြေခေတ်အနယ်နယ် နာဂရာတလျှောက်မှာလ
(အမယ်မင်း) နောက်တသိုက် ဇမ္ဗူဒီ မြန်မာသားတွေမဖြင့်
(သြော်) အမြှောက်ကြိုက်ကြိုက်ပြီး
အခြောက်တိုက် လူမညီပါလျှင်ဖြင့် မှားကြလိမ့်မထင့်
အနောက်ရိုက်တွေနဲ့ အတူတညီမကွာ ကြားကြစေဘို့
(အို ဗေဒါရီရဲ့) မြှောက်လိုက်မကွဲ့ မောက်လိုက်မဟဲ့လို့
ဆောက်လိုက်မဲ့ ယူနီဗာစီတီတွေ အများ။ ။
◾️ မစ္စတာမောင်မှိုင်း
မျောက်ဋီကာ၊ ပထမအကြိမ် ၁၉၂၂ - စာမျက်နှာ ၁၃၅
(မူလသတ်ပုံအတိုင်း)
━
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၈ နှစ်ပြည့်အဖြစ် အမှတ်တရ ပြန်လည် ဖော်ပြပါတယ်။ -- အယ်ဒီတာအဖွဲ့
━
#Oway #ABFSU #UYSU #Thakinkodawhmaing #သခင်ကိုယ်တော်မှိုင်း

Comments
Post a Comment