(ဂ)
ပဌမမျိုးဆက်အသိုင်းအဝိုင်းကတော့ ကျွန်တော့်ကို ဌေးမြိုင်ဟုခေါ်ကြသည်။ ထိုအခါက ကျွန်တော်သည် ဒဂုန်တာရာကောင်းကောင်းမဖြစ်သေး။ နောက်ပိုင်းလူငယ်များကတော့ စာရေးသမားအဖြစ် သိကျွမ်း နားလည်နေကြသည်။ အသက်အရွယ်ရလာ၍ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်သောအခါ မိမိကိုယ်ကိုယ်မိမိ သိရှိလာရသည်။ “ဆိတ်ဖလူးရနံ့တွင် မိမိကိုယ်ကိုယ်တွေ့ရှိခြင်း” ဝတ္ထုတွင် နောက်ဆုံးတော့ ကျွန်တော်သည် အရင်းအမြစ်ဖြစ်သော စာလုံး၊ ဆေးစက်နှင့် စန္ဒရားခလုပ်သမား ရောတိရောရာဖြစ်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြလိုက်ဖူးသည်။ သူတို့က ကျွန်တော့်ကို နိုင်ငံရေးသမားဖြစ်စေချင်ကြသည်။ တကယ်ကတော့ ကျွန်တော်က နိုင်ငံရေးသမားမဖြစ်။ ကျွန်တော်ကိုယ်တိုင်ပါဝင်ပြီး ငြင်းခုန်ဆွေးနွေးပြီးမှ ချမှတ်သောဆုံးဖြတ်ချက်ကိုသာ လုပ်လိုသဖြင့် သူများနှင့်မဖြစ်။ ဒါကိုသိသူများက နားလည်ကြသည်။

ကျွန်တော်သည် အိမ်လွမ်းစိတ္တဇဝေဒနာကိုခံစားရင်း အောင်ဆန်း၊ ဗဟိန်း၊ ဌေးမြိုင်ဟုဖော်ပြခဲ့သည်။ သူတို့က ခေါင်းဆောင်။ မအပ်မရာ ကျွန်တော်နှင့်နှိုင်းယှဉ်၍မရ။ ကျွန်တော်က ဘာကောင်မှမဟုတ်။ ကျွန်တော်က စာလုံး၊ ဆေးစက်နှင့် စန္ဒရားခလုပ်ကိုတီးချင်သူ သာမန်လူတစ်ယောက်မျှသာ။ ◾️

၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလထုတ် စံပယ်ဖြူမဂ္ဂဇင်းတွင်ဖော်ပြရာ စာပေစိစစ်ရေး၏အမိန့်အရ ဆုတ်ဖြဲခံရသောဆောင်းပါးကို မြန်မာသတင်းသမဂ္ဂ (Burma Media Association) မှထုတ်ဝေသော ဥဒါန်းမဂ္ဂဇင်း (စက်တင်ဘာ ၂၀၀၄) တွင် ပြန်လည်ဖော်ပြခဲ့ပါသည်။ 

(ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း ၉ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။ -- အယ်ဒီတာအဖွဲ့)

#Oway #ABFSU #UYSU #DagonTaya #Aungsan #Bahein

Comments