ဗမာပြည်ကွန်မြူနစ်ပါတီ (နောက်ဆုံးပိုင်း)


ဒုတိယမြောက်တော်လှန်တဲ့ ‘ဝ’အဖွဲ့ကတော့ လက်ရှိ United Wa State Organization/Army (UWSO/UWSA) ပဲဖြစ်တယ်။ မိုင်းလားဒေသကလည်း Natinal Democratic Alliance Army (NDAA) အမည်နဲ့ခွဲထွက်ပြီး ကချင်ပြည်နယ် ပန်ဝါဒေသမှ ဗကပ ၁၀၁ စစ်ဒေသ လာချိတ်လော်ဝေါ်များသည်လည်း NDA(K) ဟူသော အမည်နှင့်ခွဲထွက်ခဲ့ကြပါတယ်။ ဤအဖွဲ့အားလုံးက ခွဲထွက်ပြီး မကြာခင်မှာပင် အာဏာသိမ်း နဝတအစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ မြန်မာပြည်အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်၊ မြန်မာပြည်အမျိုးသား သွေးစည်းရေးတပ်မတော်၊ ပြည်ထောင်စုမြန်မာနိုင်ငံရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီတပ်မတော်စတဲ့ နာမည်တွေနဲ့လည်း ခွဲထွက်ခဲ့ကြတယ်။ (ဗကပဟာ မြန်မာနိုင်ငံအရှေ့ မြောက်ပိုင်းနဲ့ ဘိန်းလုပ်ငန်းကို ခြေဆန့်လာတာနဲ့အမျှ Shan State Army (SSA) နဲ့လည်း အဆက်အဆံ ရှိခဲ့တယ်။ SSA ကတော့ လက်ရှိ ရှမ်းပြည်မှာလှုပ်ရှားနေတဲ့ SSPP အကြောင်းကိုပြောတဲ့အခါ အရေးပါလာပါလိမ့်မယ်။)ဒီလိုနဲ့ တစ်ချိန်တစ်ခါက မြန်မာ့နိုင်ငံရေးတွင် အဓိကအတိုက်အခံဖြစ်ပြီး လူငယ်ပညာတတ်များကြား ရေပန်းစားခဲ့သော ဗကပမှာ မူးယစ်ဆေးဝါးကိစ္စ၊ ပါတီခေါင်းဆောင်ပိုင်းပဋိပက္ခ၊ အောက်ခြေလူထုရဲ့မထောက်ခံမှုတို့ကြောင့် ၁၉၈၉ ဧပြီလ ၁၆ ရက် ညသန်းခေါင်ယံမှာ အစိတ်စိတ်အမွှာမွှာပြိုကွဲပြီး အဆုံးသတ်သွားပါတော့တယ်။

Reference:

Lintner, Bertil, Burma in Revolt

Lintner, Bertil, The Rise and Fall of the Community Party of Burma

#YUOPS

Comments