၈၈၈၈ အရေးတော်ပုံ မှတ်တမ်း

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၃၄ နှစ်တိုင်သော်လည်း စစ်အာဏာ ရှင် စနစ်နှင့် စစ်တပ်၏ ရက်စက်သတ်ဖြတ်မှုများက မပြောင်းမလဲရှိနေဆဲ

ရန်ကုန်၊ ဩဂုတ် ၈ 

၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ စစ်အာဏာရှင် ဦးနေဝင်း၊ မဆလ တစ် ပါတီ အာဏာရှင် တော်လှန်ရေးအတွက် ရှစ်လေးလုံး လူထု လှုပ်ရှားမှု အရေး တော် ပုံကြီး ပေါ်ထွန်းခဲ့ပါတယ်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တစ် နိုင် ငံလုံး အုံကြွပြီး စစ်အာဏာရှင်နဲ့ တစ်ပါတီ အာဏာရှင်စနစ် ချုပ်ငြိမ်း ရေး ၊ ဒီမိုကရေစီအရေး တောင်းဆိုခဲ့ကြတာပါ။ 

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှု အရေးတော် ပုံကြီး ၃၄ နှစ်ပြည့်လာပြီဖြစ်ပေမယ့်လည်း စစ်တပ်က ပြည်သူတွေကို သတ် ဖြတ်၊ ရွာတွေမီးရှို့၊ ပြည်သူပိုင်ပစ္စည်းတွေ လုယက်၊ အမျိုးသမီးတွေကို မုဒိမ်း ကျင့် စတဲ့ ဖက်ဆစ် လုပ်ရပ်တွေကို ဆက်လက်ကျူးလွန်နေပြီး နိုင်ငံတော် အာဏာ ကိုလည်း လူမိုက်ဆန်ဆန် ဆက်လက်သိမ်းယူထားဆဲဖြစ်ပါတယ်။ 

လွန်ခဲ့သော ၃၄ နှစ်ကာလ ရှစ်လေးလုံးလူထုလှုပ်ရှားမှု အရေးတော်ပုံကြီးရဲ့ အမှတ် ရစရာ ဓာတ်ပုံတွေကို ပြန်လည် မျှဝေလိုက်ပါတယ်။

#Credit Khit Thit Media 


Comments