မြေရှင်ပဒေသရာဇ်စနစ် ( Feudalism ) အပိုင်း ၁
မြေရှင်ပဒေသရာဇ်စနစ် ( Feudalism )
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ဘာသာပြန်ဆောင်းပါး၊ ဆိုရှယ်ဒီမိုကရက်စာစဉ်
တခါတရံဖက်ဆစ်နိုင်ငံများ၌ပြုလုပ်သည့် ရွေးကောက်ပွဲများမှာ အတုအယောင်ရွေးကောက် ပွဲများဖြစ်ကြသည်။ ပြိုင်ဖက်များကိုသိက္ခာကျအောင်ပြုလုပ်ခြင်းသော်လည်းကောင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းသော်လည်းကောင်းပြုလုပ်ကြသည်။
လူမှုစီးပွားရေးတည်ဆောက်ပုံဖြစ်သည်။ ကျေးကျွန်စနစ်ကျဆုံးပျက်သုဉ်းပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။နိုင်ငံတိုင်းလိုလို၌မြေရှင်ပဒေသရာဇ်စနစ်တည်ရှိခဲ့သည်။ မြေ ပဒေသရာဇ်မြေပိုင်ရှင်ကြီးများနှင့် လယ်သမားများမှာ မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်း အဓိကလူတန်းစားများဖြစ်ကြသည်။ အုပ်စိုးသည့်၊ သွေးစုပ်သည့် မြေရှင်ပဒေသရာဇ်လူတန်း စားတွင် မင်းစိုးရာဇာများနှင့် ထိပ်ပိုင်းသာသနာရေးဆိုင်ရာပုဂ္ဂိုလ်များပါဝင်ကြသည်။ အုပ်စိုးသူလူတန်းစားအတွင်း၌ ရာထူးအဆင့်အတန်းအမျိုးမျိုးခွဲခြားထားသည်။ မြေရှင်ပဒေသရာဇ် အငယ်များကအကြီးများ၏အမိန့်ကိုနာခံကြရသည်။ ဘုရားကျောင်း (Church) များမှာအကြီး ဆုံးသောမြေရှင်များတွင်အပါအဝင်ဖြစ်သည်။ သွေးအစုပ်ခံလယ်သမားများမှာ နိုင်ငံရေးအခွင့် အရေးများခံစားခွင့်မရှိကြ။ သမိုင်းရေးနှင့်နယ်မြေဒေသမတူကွဲပြားခြင်းများကြောင့် မြေရှင်ပဒေသရာဇ်စနစ်အမျိုးမျိုးအစားစားရှိပြီး၊ မတူသောအဆင့်များရှိသော်လည်း တူညီသောလက္ခဏာများမူရှိသည်။ ဦးစွာ အားဖြင့်အခြေခံကုန်လုပ်ဆက်ဆံရေးစနစ်တွင် မြေရှင်ပဒေသရာဇ်မြေပိုင်ရှင်များက ကုန်လုပ် ကိရိယာများ၊(Mean of Production)အထူးသဖြင့် မြေယာများကိုပိုင်ဆိုင်ကြသည်။ (Feuda sm သည် လက်တင်စကား Feodum မှ ဆင်းသက်လာခြင်းဖြစ်သည်။ ဘုရင်က သူ့အား စစ်ရေးအရသစ္စာခံသည့်ကျေးတော်မျိုး ကျွန်တော်မျိုးများကိုပေးထားသည့် မြေယာကိုခေါ်ခြင်း ဖြစ်သည်။) လယ်သမားများက မြေရှင်ပဒေသရာဇ်များအပေါ်မှီခိုရသည်။ သို့ရာတွင် လယ် သမားများကို မြေရှင်ပဒေသရာဇ်များက ကျေးပိုင်၊ ကျွန်ပိုင်ခေတ်မှာကဲ့သို့ လုံးလုံးလျားလျား ၎င်းတို့ပိုင်ပစ္စည်းမဟုတ်တော့။ (သို့ရာတွင်အချို့သောနိုင်ငံများဥပမာ-ရုရှား၌ မြေပိုင်ရှင် သည်လယ်သမားများကိုရောင်းခွင့်ဝယ်ခွင့်ရှိသည်။) မြေရှင်ပဒေသရာဇ်များအနေနှင့် လယ်သမားများ၏အလုပ်ကိုရပိုင်ခွင့်ရှိသည်။ လယ်သမားများသည်မြေရှင်၏လယ်မြေများကို ထွန်ယက်ပေးရန်နှင့် မြေရှင်ကိုအလုပ်အကျွေးပြုရန်တာဝန်ရှိသည်။ တကယ်တွင်မူလယ်မြေ ကို ထွန်ယက်ပေးမည့်လယ်သမားမရှိလျှင် ထိုလယ်မြေသည်မည်သည့်တန်ဖိုးမှရှိမည်မဟုတ်။ ထို့ကြောင့်မြေရှင်ပဒေသရာဇ်ခေတ်တွင် လယ်မြေကိုထွန်ယက်စိုက်ပျိုးသူအလုပ်သမား (လယ်သမား)သည် ကုန်လုပ်စွမ်းအားစုများအနက် အခြေခံလည်းကျ၊ အဆုံးအဖြတ်လည်းပေး သည်။
မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်းတွင် လယ်သမားများနှင့်လက်မှုပညာသည်များ၌ကိုယ် ပိုင်ပစ္စည်းများရှိသည်ကိုတွေ့ရသည်။ မြေကျွန်လယ်သမား၌ ကိုယ်တိုင်လုပ်ကိုင်ရန်မြေယာရှိ သည်။ ကိုယ်ပိုင်ကိရိယာတန်ဆာပလာတွေရှိသည်။ ကျွဲ၊ နွားတွေရှိသည်။ အခြားရွှေ့ပြောင်း နိုင်သည့်ပစ္စည်းတွေရှိသည်။ မြေပိုင်ရှင်သို့တာဝန်ကျေပေးရန်ရှိသည့် လယ်ယာထွက်ပစ္စည်း ကိုပေးပြီးလျှင် အကျန်ကိုမိမိစိတ်ကြိုက်စီမံခန့်ခွဲနိုင်သည်။
ဤ ကုန်လုပ်ဆက်ဆံရေး (Productive Relations) များ၏ အထူးလက္ခဏာက ကုန်လုပ်စွမ်းအားစုများ (Productive Forces) တိုးတက်ရေးအတွက်ဖြစ်နိုင်ခြေအသစ်များ ကိုလမ်းဖွင့်ပေးသည်။ တိုက်ရိုက်ကုန်ပစ္စည်းထုတ်လုပ်သူသည် ယခုအခါသူ့အလုပ်၏ ရလဒ် မှတစုံတရာသော ရုပ်ဝတ္ထုအကျိုးစီးပွားကိုရရှိပြီဖြစ်သည်။ ဤသို့ဖြင့် သူသည် သူ့ကိရိယာ တန်ဆာပလာများကို တရိုတသေကိုင်တွယ်လာသည်။ ပိုမိုတိုးတက်ကောင်းမွန်မှုရှိလာအောင် ကြိုးစားလာသည်။ ဤသို့ဖြင့်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတိုးတက်လာသည်။ ဖြည်းဖြည်း ချင်းသုံးသီးစားအထိတိုးတက်စိုက်ပျိုးလာသည်။မြေသြဇာကျွေးသည့်နည်းစနစ်များကိုလည်း ပို၍ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြသည်။
ထို့အပြင်လက်မှုပညာသည်များကလည်း လယ်ယာသုံးကိရိယာများ(မြေရှင်ပဒေသရာဇ် များနှင့် ကုန်သည်များအသုံးပြုသည့်) နေ့စဉ်အသုံးအဆောင်ပစ္စည်းများ၊ ကိရိယာတန်ဆာ ပလာအမျိုးမျိုးများနှင့်လက်နက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများကို အထူးတလည်အောင် မြင်စွာထုတ်လုပ်နိုင်ခဲ့ကြသည်။ လက်မှုပစ္စည်းများနှင့်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာခြင်း ကမြို့များကိုပေါ်ပေါက်စေခဲ့သည်။ အချိန်ရလာသည်နှင့်အမျှ မြို့များသည်အင်အားကောင်း သည့် စီးပွားရေး၊ နိုင်ငံရေးနှင့်ယဉ်ကျေးမှုဗဟိုဌာနများဖြစ်လာကြသည်။ အရင်းရှင်စနစ်သစ် ကုန်ထုတ်လုပ်ရေးနည်းစနစ်များ မွေးဖွားရာအရပ်များဖြစ်လာခဲ့သည်။
မြေရှင်ပဒေသရာဇ်စနစ်ခေတ်တွင် လူသမိုင်းလမ်းကြောင်းအတွက် လွန်စွာသြဇာသက် ရောက်သည့်၊ ထင်ရှားသည့် ရှာဖွေတွေ့ရှိချက်များကို ပြုလုပ်နိုင်ခဲ့သည်။ လူများက သံရိုင်းမှ သံကိုထုတ်လုပ်ခဲ့ကြသည်။ ခရီးရှည်ကြီးများသွားလာနိုင်ရန်အတွက် သင်္ဘောများတွင် ဧရာများတီထွင်နိုင်ခဲ့သည်။ ထို့အပြင် လူတို့သည် မျက်မှန်၊ အဝေးကြည့်မှန်ပြောင်း၊ သံလိုက် အိမ်မြှောင်၊ ယမ်းဘီလူး၊ စက္ကူ၊ ပုံနှိပ်လုပ်ငန်းနှင့် စက်နာရီတို့ကိုလည်း တီထွင်ခဲ့ကြသည်။ လူတို့၏ ကာယစွမ်းအားနှင့်တိရစ္ဆာန်များကိုအသုံးပြုကာ လေ၏အကူအထောက်ကိုယူ၍ လေရဟတ်စက်များ၊ ရွက်သင်္ဘောများကိုတီထွင်ခဲ့ကြသည်။ ရေအားကိုအသုံးပြု၍လည်းရေရ ဟတ်စက်နှင့် ရေရဟတ်တို့ကိုတီထွင်ခဲ့ကြသည်။ ဤသည်များမှာ အလယ်ခေတ်တီထွင်မှုများ ဖြစ်သည်။
အပိုင်း ၂ ဆက်ရန်
Comments
Post a Comment