မြေရှင်ပဒေသရာဇ်စနစ် ( Feudalism )၊ အပိုင်း ၂
မြေရှင်ပဒေသရာဇ်စနစ် ( Feudalism )
အပိုင်း ၂
ကျေးကျွန်ကုန်လုပ်ဆက်ဆံရေးကို မြေရှင်ပဒေသရာဇ်ကုန်လုပ်ဆက်ဆံရေးနှင့် အစားထိုး လိုက်ခြင်းက လူ့အဖွဲ့အစည်းဘဝတခုလုံးကို အပြောင်းအလဲများပေါ်ပေါက်စေခဲ့သည်အဓိက အပြောင်းအလဲမှာ လူတန်းစားဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည်။ မြေယာများကိုပိုင်ဆိုင်သည့် မြေရှင်ပဒေသရာဇ်များမှာ အုပ်စိုးသူလူတန်းစားဖြစ်လာသည်။ မြေရှင်ပဒေသရာဇ် လူ့အဖွဲ့ အစည်း၏အခြားအခြေခံလူတန်းစားမှာ မြေကျွန်များဖြစ်သည်။၎င်းလူတန်းစားနှစ်ရပ်အကြား ဆက်ဆံရေးမှာရန်ဘက်အသွင်ဆောင်သည့်လကဏာရှိသည်။ စေ့စပ်ပြေအေး၍မရသောဆန့်ကျင် ဘက်အကျိုးစီးပွားများရှိနေကြ၍ဖြစ်သည်။ ကျေးကျွန်စနစ်ထက်နှိုင်းစာလျှင် အတန်အသင့် ပျော့ပျောင်းသည့်သွေးစုပ်မှုပုံသဏ္ဌာန်ရှိသော်လည်းအလွန်ရက်စက်သည့်အမျိုးအစားဖြစ်သည်။ လယ်သမားများအပေါ်သွေးစုပ်မှုမှာ စီးပွားရေးတွင်အခြေမခံသည့် အဓမ္မဝါဒကျင့်သုံးဆဲဖြစ် သည်။ မြေကျွန်သည်မိမိ၏ကိုယ်ပိုင်မြေယာပေါ်တွင် အလုပ်လုပ်ရသည့်အခါမှသာလျှင် ရုပ်ဝတ္ထု တွန်းအား(မက်လုံး)၏ စီးပွားရေးအရလှုံ့ဆော်မှုအတွေ့ အကြုံကိုရရှိကြသည်။ ၎င်းတို့၏အချိန် အများစုကို မြေရှင်ပဒေသရာဇ်အရှင်သခင်ကို အလုပ်အကျွေးပြုရေးအတွက်ပေးကြရသည်။ သူ လုပ်သည့်အလုပ်အတွက် လုပ်အားခမူတပြားတချပ်မှမရပေ။ ဤနေရာတွင် အလုပ်လုပ်ရန် အတွက်အဓိကတွန်းအားမှာ ပြစ်ဒဏ်အပေးခံရမည်ကိုကြောက်ခြင်း၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မည်ကိုကြောက်ခြင်းသူ့ကိုယ်ပိုင်ပစ္စည်းဆုံးရှုံးရမည့် အန္တရာယ်ကိုကြောက်ခြင်း (မြေပိုင်ရှင်က သိမ်းပိုက်ခြင်းပြုနိုင်သည်)စသည့် အကြောက်တရားများဖြစ်သည်။ ကျေးကျွန်လူ့အဖွဲ့အစည်းနှင့်နှိုင်းယှဉ်လျှင် မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်းရှိလူတန်းစား မာ့က်စ်ဝါဒအဘိဓာန်
စားတိုက်ပွဲမှာပို၍မြင့်သည့် အဆင့်သို့ရောက်သည်။ မြေရှင်ပဒေသရာဇ်များကို ဆန့်ကျင် သည့် လယ်သမားများ၏အင်အားမှာ လယ်သမားစစ်ပွဲများတွင်ထင်ဟပ်သည်။ ၎င်းစစ်ပွဲ များက နိုင်ငံတနိုင်ငံပြီးတနိုင်ငံကိုလှုပ်ခါခဲ့သည်။ (၁၄ ရာစု) အင်္ဂလန်နိုင်ငံမှ ဝပ်တိုင်လာ ပုန်ကုန်မှု၊ (၁၄ နှင့် ၁၅ ရာစု) ပြင်သစ်နိုင်ငံမှ ဂျက်ကာရီပုန်ကန်မှု၊ (၁၆ ရာစု) ဂျာမဏီနိုင်ငံမှ လယ်သမားစစ်ပွဲ၊ (၁၉ ရာစု) တရုတ်ပြည်မှ တိုင်ပင်းပုန်ကန်မှု၊ (၁၇-၁၈ရာစု) အိန္ဒိယနိုင်ငံ ဆစ်ခ်တို့၏ပုန်ကန်မှုများ(၁၇ ရာစု) ရုရှားနိုင်ငံမှ ဘိုလော့ဒါနီးကော့ဖ်နှင့် ရာဇင်ပုန်ကန်မှု၊ (၁၈ ရာစု) ရုရှားနိုင်ငံမှ ပူဂါချော့ဖ် အစရှိသည့် ပုန်ကန်မှုများဖြစ်သည်။
မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်း၏နိုင်ငံရေးနှင့်သဘောတရားရေးအပေါ်ယံအဆောက် အအုံတွင်မြေရှင်ပဒေသရာဇ်၏ လူ့အဖွဲ့အစည်း၏ တမူထူးခြားသည့် သွေးစုပ်မှုပုံသဏ္ဌာန် များနှင့် လူတန်းစားတိုက်ပွဲတို့ကိုထင်ဟပ်သည်။ မြေကျွန်တို့ကို သွေးစုပ်ရန်နှင့် ထိန်းချုပ်ရန် အတွက် မြေရှင်ပဒေသရာဇ်အစိုးရသည် အစဉ်အမြဲလက်နက်ကိုင်အင်အားကိုအသုံးပြုကြရ သည်။ လက်နက်ကိုင်အင်အားကို ဗဟိုအာဏာပိုင်များသာမက မြေရှင်ပဒေသရာဇ်အရှင်သခင် တိုင်းစိတ်ကြိုက်အသုံးပြုနိုင်ကြသည်။ မြေရှင်ပဒေသရာဇ်အရှင်သခင်တို့သည် မိမိတို့ ပိုင် နက်မြေများအတွင်း အကြွင်းမဲ့အာဏာပိုင်အရှင်သခင်များဖြစ်ကြသည်။ စိတ်ထင်သလိုအပြစ် ပေးနိုင်၊ ပြစ်ဒဏ်ချမှတ်နိုင်သည်။
မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်း၏ လူမှုရေးနှင့်စီးပွားရေးမညီမျှမှုကို ဥပဒေပြုရေး တွင်ပါတွေ့ရသည်။ လူတန်းစားများနှင့်၎င်းတို့၏မတူညီသည့် အတွင်းပိုင်းအလွှာအလိုက် အဆင့်အတန်းခွဲခြားထားသည်။ (မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်း၌ လူကုံထံ၊ ဘာသာရေး ဆိုင်ရာပုဂ္ဂိုလ် (ဘုန်းတော်ကြီး)၊ ကုန်သည်များနှင့် လယ်သမားအစရှိသည့် လူတန်းစား၊ လူ့အလွှာများပါရှိသည်။) ၎င်းလူ့အလွှာများကြားနှင့်အတွင်း၌ တင်းကြပ်သည့်လက်အောက် ခံနှင့် ပုဂ္ဂိုလ်ရေးမှီခိုသူအဖြစ်တင်းကြပ်သည့်စနစ်ထားသည်။ ဤတင်းကြပ်သည့် လူမှ အတားအဆီးသည် မြေရှင်ပဒေသရာဇ်အဆင့်အတန်းခွဲခြားထားမှုတွင် အဆင့်အတန်းတခုမှ နောက်တခုသို့ကူးပြောင် ရန် အတားအဆီးဖြစ်စေသည်။ မြေရှင်ပဒေသရာဇ် လူ့အဖွဲ့အစည်း၏ စိတ်ပိုင်းဆိုင်ရာဘဝကို ဘုရားကျောင်း (Church) နှင့် ဘာသာရေးကချုပ်ကိုင်ထားသည်။
အချိန်ရလာသည်နှင့်အမျှ ကုန်လုပ်စွမ်းအားစုများဖွံ့ဖြိုးတိုးတက်မှုက မြေရှင်ပဒေသရာဇ် လူ့အဖွဲ့အစည်းရှိ ကုန်လုပ်ဆက်ဆံရေးများနှင့် ၎င်းတို့ကအဆုံးအဖြတ်ပေးသည့် နိုင်ငံရေး နှင့်သဘောတရားရေးအပေါ်ယံ အဆောက်အအုံတို့နှင့် ပဋိပက္ခဖြစ်လာသည်။ လက်မှုလုပ်ငန်း နည်းပညာများအပေါ်အခြေခံသည့်အများအပြားထုတ်လုပ်သည့်လုပ်ငန်းများရှိလာသည်။ ဤ သည်ကအလုပ်တာဝန်ခွဲဝေမှုကို အကျယ်အပြန့်အသုံးပြုခြင်းကိုဖြစ်ပေါ်စေခဲ့သည်။ သေးငယ် သည့် လက်မှုပညာသည်အလုပ်ရုံကလေးများနှင့်အတူ မြေကျွန်စနစ်၏မှီခိုမှုကင်းသည့် လုပ် သားများ၏အလုပ်ကို အသုံးပြုလာသည်။ ဤကဲ့သို့ ကုန်ထုတ်လုပ်ငန်းများကိုဖန်တီး လိုက်ခြင်းကြောင့်ပေါ်ပေါက်လာမည့် နောက်ဆက်တွဲလူမှုရေးအကျိုးဆက်ကို ဥရောပတိုက် နုပျိုသည့် ဓနရှင်တို့အနေနှင့်သိလည်းမသိ၊ စဉ်းလည်းမစဉ်းစားမိသေးချေ။ ဓနရှင်တို့၏ တခုတည်းသောရည်မှန်းချက်မှာ ချက်ချင်းအမြတ်ရရှိရေးသာဖြစ်သည်။ စတာလင် ထောက် ပြခဲ့သကဲ့သို့ပင်ဖြစ်တည်လာမည့် ဓနရှင်တို့သည် ဤသေးငယ်သည့်တီထွင်မှုက သူတို့ အလွန်မျက်နှာလိုမျက်နှာရလုပ်ချင်သည့် ဘုရင်များ၏အာဏာကိုလည်းကောင်း၊ သူတို့ အလွန်တရာမှဖြစ်ချင်သည့် လူကုံထံကျေးတော်မျိုး ကျွန်တော်မျိုးအဖြစ်သည်လည်းကောင်း တော်လှန်ရေးဖြင့်အဆုံးသတ်ပေးမည့် လူမှုအင်အားစုများကိုစုစည်းပေးနေသည်ဆိုသည်ကို သိလည်းမသိ၊ နားလည်မလည်ပေ။
အပိုင်း ၃ ဆက်ရန်
Comments
Post a Comment