မြေရှင်ပဒေသရာဇ်စနစ် ( Feudalism )၊ အပိုင်း ၃


မြေရှင်ပဒေသရာဇ်စနစ် ( Feudalism )၊ အပိုင်း ၃

ထိုနည်းတူစွာပင် နိုင်ငံရပ်ခြားတိုင်းနိုင်ငံများကို ဘုရင့်စစ်အင်အားဖြင့် သိမ်းပိုက်သည် ဈေးကွက်သစ်များသိမ်းပိုက်ခဲ့ကြသည့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ကုန်သည်များ သည်လည်း ၎င်းတို့၏လုပ်ရပ်များ၏ လူမှုရေးအကျိုးဆက်များကိုသတိမမူနိုင်ခဲ့ကြ။ ကုန်ပစ္စည်း ဖလှယ်မှုတိုးတက်လာခြင်းကအပြန်အလှန်အားဖြင့်ကုန်ထုတ်လုပ်ရေးကိုပါအလျင်အမြန်တိုး တက်စေခဲ့သည်။ ၁၆ ရာစုနှင့် ၁၇ ရာစုသိပ္ပံပညာနှင့်နည်းပညာရှာဖွေ တွေ့ရှိချက်များက လည်း အလျင်အမြန်ကုန်ပစ္စည်းတိုးတက်ထုတ်လုပ်ရေးကို လွယ်ကူချောမွေ့ စေခဲ့သည်။

မြေရှင်ပဒေသရာဇ်စနစ်၏ ဝမ်းကြာတိုက်အတွင်းမှနေ၍သစ်လွင်သည့် အရင်းရှင်စနစ် ကုန်လုပ်နည်းစနစ်ဖြည်းဖြည်းချင်းဖြစ်တည်လာသည်။ ဤဖွံ့ဖြိုးတိုးတက်မှုက မြေရှင်ပဒေ သရာဇ်အစဉ်အလာများကိုဖျက်သိမ်းပစ်ရန်တောင်းဆိုသည်။ ကုန်လုပ်နည်းစနစ်သစ်ကို တာဝန် ခံလာရသူအဖြစ်ပေါ်ပေါက်လာသည့် လူတန်းစားဖြစ်သည့် ဓနရှင်တို့က လွတ်လပ်သည့် အလုပ်သမားဈေးကွက်ကိုအလိုရှိသည်။ မြေကျွန်အဖြစ်မှီခိုနေရမှုမှ ကင်းလွတ်သည့် အလုပ် သမားများ၊ အငတ်ပြဿနာကြောင့် စက်ရုံများသို့ရောက်လာမည့်အလုပ်သမားများကို အလို ရှိကြသည်။ ထို့အပြင်ဓနရှင်တို့က ပြည်တွင်းဈေးကွက်နှင့်မြေရှင်ပဒေသရာဇ်များက ဖန်တီး ထားသည့်အကောက်ခွန်နှင့်အခြားအတားအဆီးများကိုလည်းဖယ်ရှားပစ်လိုကြသည်။ တရား ရုံးဆက်လက်ရပ်တည်နိုင်ရေး၊ လူထုထံကျေးတော်မျိုးကျွန်တော်မျိုးနှင့်အပေါင်းအပါများ ဆက် လက်ရပ်တည်နိုင်ရေးအတွက် ကောက်ခံသည့်အခွန်အတုတ်များကိုလည်းကောင်း၊ ရာထူး အဆင့်အတန်းလိုက်ရရှိခံစားသည့် အခွင့်အရေးများကိုလည်းကောင်း ဓနရှင်တို့က ဖျက်သိမ်း ပစ်သည်။ လူ့အဖွဲ့အစည်းအဝန်းအဝိုင်းအတွင်းရှိ ကိစ္စအရပ်ရပ်ကိုထိန်းချုပ်နိုင်ရန် ဓနရှင်တို့ ကရည်ရွယ်သည်။

မြေရှင်ပဒေသရာဇ်အစဉ်အလာစနစ်ကိုမကျေနပ်ကြသည့် လူတန်းစားများနှင့်အုပ်စုများ ကိုဓနရှင်တို့က မိမိတို့ပတ်လည်တွင်စုစည်းထားကြသည်။ ၎င်းတို့အထဲတွင် ဆင်းရဲခြင်း၊ နှိမ့်ချဆက်ဆံခံရခြင်းနှင့် ဖိနှိပ်ခံကြရသည့် မြေကျွန်လယ်သမားများနှင့် မြို့နေအောက်ဆုံး လွှာများ၊ မြေရှင်ပဒေသရာဇ်စနစ်နှင့် ဘုရားကျောင်းများမှ စိတ်ဓာတ်ရေးရာအကြမ်းဖက်ထိန်း ချုပ်ခြင်းခံကြရသည့် ဇစ်မြစ်အမျိုးမျိုးမှလာကြသည့် ရှေ့တန်းရောက်သိပ္ပံပညာရှင်များနှင့် စာရေးဆရာများ အများဆုံးပါဝင်ကြသည်။ ဤသို့ဖြင့် ဓနရှင်တော်လှန်ရေးခေတ်အစပျိုးခဲ့ လေသည်။

ဆိုရှယ်ဒီမိုကရက်စာစဉ်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Telegram Channel Link: 
https://t.me/socialdemocratchannel2022

Comments