လားဟူ (LDU)
လားဟူ (LDU)
၁၉၇၃ ဇန်နဝါရီမှာဖြစ်ပွားတဲ့ လားဟူလူထုလှုပ်ရှားမှုတစ်ရပ်ကနေ လားဟူညီညွတ်ရေးပါတီ (LUP) ဆိုတဲ့ နိုင်ငံရေးပါတီပေါ်ပေါက်လာပါတယ်။ ၁၉၈၇ မှာ လားဟူအမျိုးသားအဖွဲ့အစည်း (LNO) ဖြစ်လာပြီး ၁၉၉၇ မှာတော့ လားဟူဒီမိုကရက်တစ်တပ်ဦး (LDF) အဖြစ်အမည်ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၈ ဧပြီမှာကျင်းပတဲ့ လားဟူအမျိုးသားညီလာခံကနေ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဆိုပြီးဖြစ်လာပါတယ်။ လက်နက်ကိုင်တပ်အင်အားမရှိသလောက်ဖြစ်ပြီး ထိုင်းနယ်စပ်က ထိုင်းနယ်မြေမှာအခြေပြုတယ်လို့ သိရပါတယ်။ ဦးသိန်းစိန်အစိုးရက LDU ကို လက်နက်ကိုင်အဖွဲ့မဟုတ်ဘူးဆိုပြီး NCA ထိုးဖို့မဖိတ်ခေါ်ခဲ့ပေမယ့် NLD အစိုးရကတော့ ၂၀၁၈ မှာ ဖိတ်ခေါ်ပြီး မွန်ပြည်သစ်ပါတီ (NMSP) နဲ့အတူ NCA လက်မှတ်ထိုးစေခဲ့ပါတယ်။
ဒီလိုမျိုး လူမျိုးစုအသီးသီးကိုကိုယ်စားပြုကြတဲ့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံက မတူညီတဲ့ရည်မှန်းချက်အကျိုးစီးပွားမျိုးစုံနဲ့ ရှမ်းပြည်နယ်ထဲမှာ ဒီလိုမျိုးရှိနေတယ်ဆိုတာကို အကျဥ်းချုပ်မျှတင်ပြခြင်းပဲဖြစ်ပါတယ်။ ရှမ်းပြည်နယ်ရဲ့အရေးဟာ ရှုပ်ထွေးလှသလို အင်မတန်ဂရုတစိုက်ကိုင်တွယ်ဖြေရှင်းရမယ့်အရာလည်းဖြစ်ပါတယ်။
ကိုးကား
- မောင်မောင်စိုး၊ ဦး၊ (၂၀၂၁၊ ဧပြီ)၊ မိုင်းလားအဖွဲ့ဟုသိကြသည့် PSC/NDAA၊ https://m.facebook.com/story.php?story_fbid=1902238826605694&id=100004587841844
- မောင်မောင်စိုး၊ ဦး၊ (၂၀၂၁၊ မေ)၊ MNTJP/MNDAA ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ https://m.facebook.com/story.php?story_fbid=1924738887689021&id=100004587841844
- မောင်မောင်စိုး၊ ဦး၊ (၂၀၂၁၊ ဧပြီ)၊ PSLF/TNLA - တအောင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့၊ https://m.facebook.com/story.php?story_fbid=1903067363189507&id=100004587841844
- မောင်မောင်စိုး၊ ဦး၊ (၂၀၂၁၊ မေ)၊ အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ https://m.facebook.com/story.php?story_fbid=1932484133581163&id=100004587841844
- Burma News International (BNI)၊ (၂၀၁၉၊ ဧပြီ) မြန်မာ့ငြိမ်းချမ်းရေးလမ်းစဥ်ကိုပုံဖော်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၇-၂၀၁၈၊ https://www.mmpeacemonitor.org/download/deciphering-myanmars-peace-process-2017-2018-burmese-version
- Myanmar Peace Monitor၊ https://www.mmpeacemonitor.org/1573 (Accessed: ၂၀၂၁၊ မေ၊ ၁၉).
#YUOPS
Comments
Post a Comment