ပအို့ဝ် (PNLO)
ပအို့ဝ် (PNLO)
ဗိုလ်မှူးကြီးခွန်ဥက္ကာခေါင်းဆောင်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကတော့ သူ့အရင်မူလအဖွဲ့ဖြစ်တဲ့ Pa-Oh National Organization (PNO) က ၁၉၉၁ မှာ အစိုးရနဲ့အပစ်ရပ်ပြီး ဥပဒေဘောင်အတွင်းဝင်သွားတဲ့အခါ PNO ကနေ ခွဲထွက်လာတဲ့အဖွဲ့ဖြစ်ပါတယ်။ (PNO ကတော့ နိုင်ငံရေးပါတီအဖြစ်နဲ့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရွေးကောက်ပွဲဝင်ပြိုင်ပြီး ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြို့နယ်သုံးခုလုံးမှာ ရွေးကောက်ပွဲတိုင်းအနိုင်ရထားပါတယ်။) PNLO အဖွဲ့ချုပ်ရဲ့ လက်နက်ကိုင်တပ်က Pa-Oh National Liberation Army (PNLA) ဖြစ်ပြီး အင်အားရာဂဏန်းခန့်ရှိမယ်လို့ခန့်မှန်းရပါတယ်။ မောက်မယ်နယ်မှာလှုပ်ရှားပါတယ်။ ၂၀၁၅ မှာ NCA ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး PPST မှာပါဝင်ပါတယ်။
Comments
Post a Comment