Posts

Showing posts from August, 2022

ပြည်သူတို့၏ အတွေးအခေါ်များ အလှူခံခြင်း

ပြည်သူတို့၏ အတွေးအခေါ်များ အလှူခံခြင်း သြဂုတ်လ ၂၅ ရက်နေ့ဟာ ရိုဟင်ဂျာ လူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်မှု ၅ နှစ်ပြည့်နေ့ ဖြစ်ပါတယ်။ တစ်ချိန်က ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ အရမ်းကို ထိခိုက်ရှလွယ်တဲ့ စကားလုံးအသုံး တစ်ခုဖြစ်ပြီး ပြောဆိုသူ နည်းခဲ့ပါတယ်။ သူတို့်ဘက်က ရပ်တည်အသံထွက်ပေးသူတွေကိုလည်း အကောင်းမမြင်ခဲ့ကြတာ များပါတယ်။ 'ခိုးဝင်လာတဲ့ဘင်္ဂါလီတွေ' 'လူမျိုးပျောက်အောင်လုပ်မယ့် ကုလားတွေ' 'သာသနာပျောက်အောင်လုပ်မယ့်သူတွေ' စတဲ့ စကားလုံးတွေနဲ့ စစ်တပ်ရဲ့စနစ်တကျမွေးမြူ ပျိုးထောင်ထားတဲ့ မဘသတွေရဲ့ ဝါဒဖြန့်မှုတွေအောက် ပြည်သူအတော်များများလွှမ်းမိုးခံရပြီး ရိုဟင်ဂျာတို့ရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ လူထုကြား ပျောက်ကွယ်ခဲ့ရပါတယ်။ ထိရှလွယ်တဲ့ ဘာသာရေးကို လက်နက်အဖြစ်သုံးပြီး စစ်တပ်ရဲ့ ရက်စက်မှုတွေ၊ နိုင်ငံသယံဇာတ ခိုးထုတ်ရောင်းစားနေမှုတွေ၊ ပညာရေးအညွန့်ကျိုးကြနေမှုတွေ၊ အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ကြိုးစားအသံထွက်ပေးနေသူတွေဘက် ပြည်သူတွေ အာရုံမရောက်လာအောင် အာရုံလွှဲပြီး ယုတ်မာခဲ့ကြတာ အခုတော့ တဖြည်းဖြည်းနဲ့ ပြည်သူတွေသဘောပေါက်နားလည်လာနေကြပြီ ယူဆပါတယ်။ ရိုဟင်ဂျာတွေအပေါ်၊ တခြားလူမျိုးစု...

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ငါးနှစ်တိုင်ခဲ့ပြီ

Image
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ငါးနှစ်တိုင်ခဲ့ပြီ ______ ◾️ ပိုင်ချိမ့်ခေါင် | အိုးဝေ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးအမည်ခံပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စတင်ကျူးလွန်ခဲ့ပါတယ်။ ရိုဟင်ဂျာကျေးရွာများကိုမီးရှို့ခြင်း၊ ရိုဟင်ဂျာများကို အရှင်လတ်လတ်မီးရှို့သတ်​ဖြတ်ခြင်း၊ ရိုဟင်ဂျာအမျိုးသမီးများကို အုပ်စုဖွဲ့မုဒိန်းကျင့်ခြင်း၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုများပါမကျန် လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခြင်း စ​တဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရိုဟင်ဂျာများ နာကြည်းစွာ ခံစားခဲ့ကြရပါတယ်။  လူမဆန်စွာဆိုးရွားအကျည်းတန်လှတဲ့ ၎င်းတို့ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက် စစ်တပ်က အပီအပြင်ကြိုးစားခဲ့ပါတယ်။ သက်သေဖျောက်တာတွေကစလို့ ရိုဟင်ဂျာအရေး သတင်းရယူခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးတို့ကို ဖမ်းဆီးထောင်ချတဲ့အထိ အမျိုးမျိုးပြုလုပ်ပြီး စစ်တပ်ဟာ သူ့လုပ်ရပ်တွေကို ဖုံးဖိဖို့ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာကျေးရွာများကို ရိုဟင်ဂျာများကိုယ်တိုင်မီးရှို့သွားတာဖြစ်တယ်ဆိုတဲ့ ယုတ္တိမတန်တဲ့ဖြေရှင်းချက်မျိုးနဲ့လည်း ဝါဒဖြန့်ခဲ့ပါသေးတယ်။ ဒါထက်ပိုမိုဆိုးရွားတာကတေ...
Image
Criticism and Self Criticism  (ဝေဖန်ရေးနှင့် မိမိကိုယ်ကိုဝေဖန်ရေး) 🔺 🔺 🔺 🔺 🔺 🔺 🔺 🔺 🔺 🔺 🔺 🔺  “ကိုယ့်ကိုယ်ကို ကျကျနန ဝေဖန် မဝေဖန် ဆိုတာဟာလည်း ကျုပ်တို့နဲ့ တခြားနိုင်ငံရေးပါတီတွေ ကွဲပြားခြားနားတဲ့ ထင်ရှားတဲ့ အမှတ်အသားတခုဖြစ်တယ်။ အိမ်ခန်းကို အမှိုက်မလှည်းရင် ဖုံထူနေလိမ့်မယ်။ ကျုပ်တို့ရဲ့ မျက်နှာကိုလည်း အမြဲသစ်ပေးရမယ်။ မသစ်ရင် ညစ်ပတ်နေလိမ့်မယ်လို့ ကျုပ်တို့ပြောဘူးတယ်။ ကျုပ်တို့ ရဲဘော်တွေရဲ့ အတွေးအခေါ်တွေမှာ ကျုပ်တို့ပါတီရဲ့ လုပ်ငန်းတွေမှာလည်း အညစ်အကြေးတွေ ရှိနေတတ်တယ်။ ဒါကြောင့် သုတ်သင် ရှင်းလင်းပစ်ရမယ်။ ‘စီးနေတဲ့ရေဟာ မပုပ်၊ တံခါးဒလက်ဟာ ပိုးမထိုး’ ဆိုတာဟာ အဆက်မပြတ် လှုပ်ရှားနေလို့ ပိုးတွေ ဒါမှမဟုတ် တခြားသက်ရှိသတ္တဝါကလေးတွေရဲ့ လှိုက်စားမှုကို ခုခံနိုင် တယ်လို့ဆိုလိုတာပဲ။ လုပ်ငန်းတွေကို အမြဲတမ်းဆန်းစစ်တာ၊ ဆန်းစစ်တဲ့အခါ ဒီမိုကရေစီလုပ်ဟန် ထွန်းကားအောင်လုပ်တာ၊ ဝေဖန်ရေးနဲ့ ကိုယ့်ကိုယ်ကိုဝေဖန်ရေးကို မကြောက်တာ၊ ‘သိရင် မပြောဘဲမနေနဲ့၊ ပြောရင်အကုန်ပြော' 'ပြောသူအဖို့ အပြစ်မရှိ၊ နားထောင်သူက သတိပြုစရာ အဖြစ်ခံယူ' 'အမှားရှိရင်ပြင်၊ မရှိရင် နောင်မမှားအောင်ရှောင်’ ဆိုတဲ...
Image
(ဂ) ပဌမမျိုးဆက်အသိုင်းအဝိုင်းကတော့ ကျွန်တော့်ကို ဌေးမြိုင်ဟုခေါ်ကြသည်။ ထိုအခါက ကျွန်တော်သည် ဒဂုန်တာရာကောင်းကောင်းမဖြစ်သေး။ နောက်ပိုင်းလူငယ်များကတော့ စာရေးသမားအဖြစ် သိကျွမ်း နားလည်နေကြသည်။ အသက်အရွယ်ရလာ၍ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်သောအခါ မိမိကိုယ်ကိုယ်မိမိ သိရှိလာရသည်။ “ဆိတ်ဖလူးရနံ့တွင် မိမိကိုယ်ကိုယ်တွေ့ရှိခြင်း” ဝတ္ထုတွင် နောက်ဆုံးတော့ ကျွန်တော်သည် အရင်းအမြစ်ဖြစ်သော စာလုံး၊ ဆေးစက်နှင့် စန္ဒရားခလုပ်သမား ရောတိရောရာဖြစ်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြလိုက်ဖူးသည်။ သူတို့က ကျွန်တော့်ကို နိုင်ငံရေးသမားဖြစ်စေချင်ကြသည်။ တကယ်ကတော့ ကျွန်တော်က နိုင်ငံရေးသမားမဖြစ်။ ကျွန်တော်ကိုယ်တိုင်ပါဝင်ပြီး ငြင်းခုန်ဆွေးနွေးပြီးမှ ချမှတ်သောဆုံးဖြတ်ချက်ကိုသာ လုပ်လိုသဖြင့် သူများနှင့်မဖြစ်။ ဒါကိုသိသူများက နားလည်ကြသည်။ ကျွန်တော်သည် အိမ်လွမ်းစိတ္တဇဝေဒနာကိုခံစားရင်း အောင်ဆန်း၊ ဗဟိန်း၊ ဌေးမြိုင်ဟုဖော်ပြခဲ့သည်။ သူတို့က ခေါင်းဆောင်။ မအပ်မရာ ကျွန်တော်နှင့်နှိုင်းယှဉ်၍မရ။ ကျွန်တော်က ဘာကောင်မှမဟုတ်။ ကျွန်တော်က စာလုံး၊ ဆေးစက်နှင့် စန္ဒရားခလုပ်ကိုတီးချင်သူ သာမန်လူတစ်ယောက်မျှသာ။ ◾️ ━ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ...

မြေရှင်ပဒေသရာဇ်စနစ် ( Feudalism )၊ အပိုင်း ၃

Image
မြေရှင်ပဒေသရာဇ်စနစ် ( Feudalism )၊ အပိုင်း ၃ ထိုနည်းတူစွာပင် နိုင်ငံရပ်ခြားတိုင်းနိုင်ငံများကို ဘုရင့်စစ်အင်အားဖြင့် သိမ်းပိုက်သည် ဈေးကွက်သစ်များသိမ်းပိုက်ခဲ့ကြသည့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ကုန်သည်များ သည်လည်း ၎င်းတို့၏လုပ်ရပ်များ၏ လူမှုရေးအကျိုးဆက်များကိုသတိမမူနိုင်ခဲ့ကြ။ ကုန်ပစ္စည်း ဖလှယ်မှုတိုးတက်လာခြင်းကအပြန်အလှန်အားဖြင့်ကုန်ထုတ်လုပ်ရေးကိုပါအလျင်အမြန်တိုး တက်စေခဲ့သည်။ ၁၆ ရာစုနှင့် ၁၇ ရာစုသိပ္ပံပညာနှင့်နည်းပညာရှာဖွေ တွေ့ရှိချက်များက လည်း အလျင်အမြန်ကုန်ပစ္စည်းတိုးတက်ထုတ်လုပ်ရေးကို လွယ်ကူချောမွေ့ စေခဲ့သည်။ မြေရှင်ပဒေသရာဇ်စနစ်၏ ဝမ်းကြာတိုက်အတွင်းမှနေ၍သစ်လွင်သည့် အရင်းရှင်စနစ် ကုန်လုပ်နည်းစနစ်ဖြည်းဖြည်းချင်းဖြစ်တည်လာသည်။ ဤဖွံ့ဖြိုးတိုးတက်မှုက မြေရှင်ပဒေ သရာဇ်အစဉ်အလာများကိုဖျက်သိမ်းပစ်ရန်တောင်းဆိုသည်။ ကုန်လုပ်နည်းစနစ်သစ်ကို တာဝန် ခံလာရသူအဖြစ်ပေါ်ပေါက်လာသည့် လူတန်းစားဖြစ်သည့် ဓနရှင်တို့က လွတ်လပ်သည့် အလုပ်သမားဈေးကွက်ကိုအလိုရှိသည်။ မြေကျွန်အဖြစ်မှီခိုနေရမှုမှ ကင်းလွတ်သည့် အလုပ် သမားများ၊ အငတ်ပြဿနာကြောင့် စက်ရုံများသို့ရောက်လာမည့်အလုပ်သမားများကို အလို ရှိကြသည်။ ထို့အပြင်...

မြေရှင်ပဒေသရာဇ်စနစ် ( Feudalism )၊ အပိုင်း ၂

Image
မြေရှင်ပဒေသရာဇ်စနစ် ( Feudalism ) အပိုင်း ၂ ကျေးကျွန်ကုန်လုပ်ဆက်ဆံရေးကို မြေရှင်ပဒေသရာဇ်ကုန်လုပ်ဆက်ဆံရေးနှင့် အစားထိုး လိုက်ခြင်းက လူ့အဖွဲ့အစည်းဘဝတခုလုံးကို အပြောင်းအလဲများပေါ်ပေါက်စေခဲ့သည်အဓိက အပြောင်းအလဲမှာ လူတန်းစားဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည်။ မြေယာများကိုပိုင်ဆိုင်သည့် မြေရှင်ပဒေသရာဇ်များမှာ အုပ်စိုးသူလူတန်းစားဖြစ်လာသည်။ မြေရှင်ပဒေသရာဇ် လူ့အဖွဲ့ အစည်း၏အခြားအခြေခံလူတန်းစားမှာ မြေကျွန်များဖြစ်သည်။၎င်းလူတန်းစားနှစ်ရပ်အကြား ဆက်ဆံရေးမှာရန်ဘက်အသွင်ဆောင်သည့်လကဏာရှိသည်။ စေ့စပ်ပြေအေး၍မရသောဆန့်ကျင် ဘက်အကျိုးစီးပွားများရှိနေကြ၍ဖြစ်သည်။ ကျေးကျွန်စနစ်ထက်နှိုင်းစာလျှင် အတန်အသင့် ပျော့ပျောင်းသည့်သွေးစုပ်မှုပုံသဏ္ဌာန်ရှိသော်လည်းအလွန်ရက်စက်သည့်အမျိုးအစားဖြစ်သည်။ လယ်သမားများအပေါ်သွေးစုပ်မှုမှာ စီးပွားရေးတွင်အခြေမခံသည့် အဓမ္မဝါဒကျင့်သုံးဆဲဖြစ် သည်။ မြေကျွန်သည်မိမိ၏ကိုယ်ပိုင်မြေယာပေါ်တွင် အလုပ်လုပ်ရသည့်အခါမှသာလျှင် ရုပ်ဝတ္ထု တွန်းအား(မက်လုံး)၏ စီးပွားရေးအရလှုံ့ဆော်မှုအတွေ့ အကြုံကိုရရှိကြသည်။ ၎င်းတို့၏အချိန် အများစုကို မြေရှင်ပဒေသရာဇ်အရှင်သခင်ကို အလုပ်အကျွေးပြုရေးအတွက်ပေးကြရသည်။ သူ လုပ်သည့်အ...

မြေရှင်ပဒေသရာဇ်စနစ် ( Feudalism ) အပိုင်း ၁

Image
မြေရှင်ပဒေသရာဇ်စနစ် ( Feudalism ) ▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️ ဘာသာပြန်ဆောင်းပါး၊ ဆိုရှယ်ဒီမိုကရက်စာစဉ် တခါတရံဖက်ဆစ်နိုင်ငံများ၌ပြုလုပ်သည့် ရွေးကောက်ပွဲများမှာ အတုအယောင်ရွေးကောက် ပွဲများဖြစ်ကြသည်။ ပြိုင်ဖက်များကိုသိက္ခာကျအောင်ပြုလုပ်ခြင်းသော်လည်းကောင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းသော်လည်းကောင်းပြုလုပ်ကြသည်။  လူမှုစီးပွားရေးတည်ဆောက်ပုံဖြစ်သည်။ ကျေးကျွန်စနစ်ကျဆုံးပျက်သုဉ်းပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။နိုင်ငံတိုင်းလိုလို၌မြေရှင်ပဒေသရာဇ်စနစ်တည်ရှိခဲ့သည်။ မြေ ပဒေသရာဇ်မြေပိုင်ရှင်ကြီးများနှင့် လယ်သမားများမှာ မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်း အဓိကလူတန်းစားများဖြစ်ကြသည်။ အုပ်စိုးသည့်၊ သွေးစုပ်သည့် မြေရှင်ပဒေသရာဇ်လူတန်း စားတွင် မင်းစိုးရာဇာများနှင့် ထိပ်ပိုင်းသာသနာရေးဆိုင်ရာပုဂ္ဂိုလ်များပါဝင်ကြသည်။ အုပ်စိုးသူလူတန်းစားအတွင်း၌ ရာထူးအဆင့်အတန်းအမျိုးမျိုးခွဲခြားထားသည်။ မြေရှင်ပဒေသရာဇ် အငယ်များကအကြီးများ၏အမိန့်ကိုနာခံကြရသည်။ ဘုရားကျောင်း (Church) များမှာအကြီး ဆုံးသောမြေရှင်များတွင်အပါအဝင်ဖြစ်သည်။ သွေးအစုပ်ခံလယ်သမားများမှာ နိုင်ငံရေးအခွင့် အရေးများခံစားခွင့်မရှိကြ။ သမိုင်းရေးနှင့်နယ်မြေဒ...

၁၉၆၇ ခုနှစ် ရခိုင် ဆန်ပြဿနာ

Image
August 13, 2022 by ဘုန်းမောင် | ဆောင်းပါး | အိုးဝေစာစောင် ဩဂုတ်လ ၁၃ ရက်နေ့ဟာ ရခိုင်လူမျိုးတွေအတွက် အရေးပါတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅၃ နှစ်က ၁၉၆၇ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ရခိုင်လူမျိုးတွေ စားစရာဆန်မရှိတော့တာ၊ ဆန်ဈေးအဆမတန် ကြီးမြင့်လာတာ၊ အစိုးရရဲ့ သမဝါယမဆိုင်တွေက ခွဲတမ်းလျော့ချပစ်တာ စတာတွေကြောင့် ဆန္ဒပြရင်းက တော်လှန်ရေးကောင်စီအစိုးရ အကြမ်းဖက်မှုကို မတရားခံခဲ့ကြရတာဖြစ်ပါတယ်။ ယနေ့အချိန်အထိလည်း ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံဒေသအသီးသီးမှာ နှစ်စဉ်နှစ်တိုင်း အဆိုပါ စစ်အစိုးရရဲ့ မတရား သတ်ဖြတ်ခံခဲ့ရတာတွေအပေါ် တရားမျှတမှု ပြန်လည်တောင်းဆိုတာ၊ အမိန့်ပေးပါဝင်ခဲ့သူတွေ တရားဝင် ဝင်ချတောင်းပန်ခိုင်းတာ စတာတွေကို တောင်းဆိုနေကြဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ နှစ်စဉ် မိုးများတာကြောင့် မြေဩဇာကောင်းပြီး စိုက်ပျိုးသီးနှံဖြစ်ထွန်းပြီး စပါးအထွက်ကောင်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဆန်ရေစပါးပေါကြွယ်ဝသည့်အနေဖြင့် ဓညဝတီရခိုင်ပြည်လို့ ခေါ်ဆိုလေ့ရှိပါတယ်။ စစ်တွေဆိပ်ကမ်းမှာ ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေမြို့များအပါအဝင် အခြားမြို့နယ် ၁၇ မြို့နယ်မှ စပါးများကို ဆန်ကြိတ်ပြီး ဆန်နဲ့ ဆ...

ဗမာပြည်ကွန်မြူနစ်ပါတီ (နောက်ဆုံးပိုင်း)

Image
ဒုတိယမြောက်တော်လှန်တဲ့ ‘ဝ’အဖွဲ့ကတော့ လက်ရှိ United Wa State Organization/Army (UWSO/UWSA) ပဲဖြစ်တယ်။ မိုင်းလားဒေသကလည်း Natinal Democratic Alliance Army (NDAA) အမည်နဲ့ခွဲထွက်ပြီး ကချင်ပြည်နယ် ပန်ဝါဒေသမှ ဗကပ ၁၀၁ စစ်ဒေသ လာချိတ်လော်ဝေါ်များသည်လည်း NDA(K) ဟူသော အမည်နှင့်ခွဲထွက်ခဲ့ကြပါတယ်။ ဤအဖွဲ့အားလုံးက ခွဲထွက်ပြီး မကြာခင်မှာပင် အာဏာသိမ်း နဝတအစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ မြန်မာပြည်အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်၊ မြန်မာပြည်အမျိုးသား သွေးစည်းရေးတပ်မတော်၊ ပြည်ထောင်စုမြန်မာနိုင်ငံရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီတပ်မတော်စတဲ့ နာမည်တွေနဲ့လည်း ခွဲထွက်ခဲ့ကြတယ်။ (ဗကပဟာ မြန်မာနိုင်ငံအရှေ့ မြောက်ပိုင်းနဲ့ ဘိန်းလုပ်ငန်းကို ခြေဆန့်လာတာနဲ့အမျှ Shan State Army (SSA) နဲ့လည်း အဆက်အဆံ ရှိခဲ့တယ်။ SSA ကတော့ လက်ရှိ ရှမ်းပြည်မှာလှုပ်ရှားနေတဲ့ SSPP အကြောင်းကိုပြောတဲ့အခါ အရေးပါလာပါလိမ့်မယ်။)ဒီလိုနဲ့ တစ်ချိန်တစ်ခါက မြန်မာ့နိုင်ငံရေးတွင် အဓိကအတိုက်အခံဖြစ်ပြီး လူငယ်ပညာတတ်များကြား ရေပန်းစားခဲ့သော ဗကပမှာ မူးယစ်ဆေးဝါးကိစ္စ၊ ပါတီခေါင်းဆောင်ပိုင်းပဋိပက္ခ၊ အောက်ခြ...

ဗမာပြည်ကွန်မြူနစ်ပါတီ (အပိုင်း ၃)

Image
ဗကပပြိုကွဲခြင်း ၁၉၈၀ ဝန်းကျင်ကပင် တရုတ်ပြည်က ဗကပကို အကူအညီပေးမှုကို သိသိသာသာလျှော့ချလိုက်တယ်။ ဗကပရဲ့ ဘက်ဂျက် ၆၇%ခန့်က ကုန်သွယ်ရေးကနေရရှိခဲ့ပြီး အဓိကအားဖြင့် ပန်ဆိုင်း (ကြူကုတ်) ဂိတ်ကနေရခဲ့တာဖြစ်တယ်။ ပန်ဆိုင်း (ကြူကုတ်) ဂိတ်ဟာ ကမ္ဘာကျော်မြန်မာပြည်လမ်းမကြီးကနေ တရုတ်ပြည်ဝမ်တိန်မြို့အထိ ပေါက်ခဲ့တယ်။ ဒီဂိတ်တစ်ခုတည်းကနေရရှိတဲ့အခွန်ငွေဟာ ကျပ် ၂၇ သန်းထိ ရှိခဲ့ပြီး ၁၉၇၀ နှောင်းပိုင်း ဗကပဘက်ဂျက်ရဲ့ ၅၀%နီးပါးဖြစ်တယ်။ ၁၉၈၀မှာ တရုတ်က တံခါးဖွင့်ကုန်သွယ်ရေးပေါ်လစီကို ကြေငြာလိုက်ပြီး နယ်စပ်တစ်လျှောက်ဂိတ်ပေါင်းများစွာပေါ်လာရာ ဗကပရဲ့ ဘက်ဂျက်ကိုသိသိသာသာထိခိုက်ခဲ့တယ်။ ဗကပထိန်းချုပ်နယ်မြေများမှာ ငွေဖြစ်နိုင်သည့် သီးနှံ ဆို၍ ကိုးကန့်ဒေသက လက်ဖက်နဲ့ ကိုးကန့်၊ ‘ဝ’တောင်တန်းနဲ့ လာအိုနယ်စပ်က ၈၁၅ ဒေသမှာထွက်တဲ့ ဘိန်းခင်းတွေသာရှိခဲ့တယ်။ အဲ့ကာလခန့်မှန်းချေအရ မြန်မာနိုင်ငံဘိန်းခင်းအားလုံးရဲ့ ၈၀%ခန့်က ဗကပ ထိန်းချုပ်နယ်မြေမှာရှိခဲ့တယ်။ အခြေအနေအကြောင်းကြောင်းကြောင့် ဘက်ဂျက်ထိခိုက်လာတဲ့ ဗကပ ဟာ မူးယစ်ဆေးဝါး (ဘိန်း) အရောင်းအဝယ်လုပ်ငန်းကို ယခင်ကထက်ပိုပြီး စိတ်ဝင်စားလာခဲ့တယ်။ဘိန်းလုပ်ငန်းမှာ မှီခိုမခိုဆုံးဖြတ်ရာမှ...

ဗမာပြည်ကွန်မြူနစ်ပါတီ (အပိုင်း ၂)

Image
‘ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂ’ကိုလည်း သြဇာလွှမ်းမိုးနိုင်ခဲ့တယ်။  ရန်ကုန်မှာ နေ့စဉ်သတင်းစာ (ကွန်မြူနစ်နေ့စဉ်)နဲ့ အပတ်စဉ်သဘောတရားရေးဂျာနယ် (ပြည်သူ့အာဏာ) တို့ကို ပုံမှန်ထုတ်ဝေခဲ့တယ်။ သို့ပေမယ့် ဗကပ ဟာ ပြည်သူ့အရေးတော်ပုံပါတီကနေ ပြန်ဖွဲ့စည်းတဲ့ ဗမာပြည်ဆိုရှယ်လစ်ပါတီ (Burma Socialist Party- BSP)လောက် ရန်ကုန်မှာ လူကြိုက် မများခဲ့ပေ။ BSPက ဖဆပလ လက်အောက်က မထွက်ဘဲဆက်လှုပ်ရှားခဲ့တာကြောင့် ပိုပြီး လူကြိုက်များ ရတာလည်း ဖြစ်တယ်။ ဗကပအနေနဲ့ တရားဝင်အတိုက်ခံပါတီအဖြစ်ကနေ မြေအောက်သူပုန်အဖွဲ့အဖြစ်ရွေ့လာခဲ့တာက ၁၉၄၇ ဧပြီလောက်မှဖြစ်တယ်။ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တာမျိုးရှိပေမယ့် အမတ် ၂၅၅ နေရာမှာ ဗကပ က ၇ နေရာသာအနိုင်ရပြီး ၂၄၈ နေရာကို ဖဆပလ က အနိုင်ရခဲ့တဲ့အတွက် ဗကပ အနေနဲ့ ဖဆပလကို ယှဉ်ပြိုင်နိုင်တဲ့ အနေအထားတစ်ခုမဟုတ် တော့ပေ။ ၁၉၄၈ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဖက်ဆစ်တော်လှန်ရေး အထိမ်းအမှတ်လူထုအစည်းအဝေးကိုကျင်းပရာ သခင်သန်းထွန်းက တက်ရောက်လာတဲ့ အလုပ်သမားထု ၃၀၀၀ ခန့်ကို မိန့်ခွန်းပြောခဲ့တယ်။ အဲ့နေ့ညမှာပဲ ပြည်ထဲရေးဝန်ကြီးဦးက...

ဗမာပြည်ကွန်မြူနစ်ပါတီ (အပိုင်း ၁)

Image
ဗကပ ဒီခေါင်းစဉ်ကို မြင်လိုက်ရင် ဒီအချိန်မှာ ဘာကြောင့် ဗကပအကြောင်းထရေးသလဲလို့ မေးခွန်းထုတ်စရာ ရှိလာပါလိမ့်မယ်။ YUOPS အနေနဲ့ လူမျိုးစုတပ်တွေအကြောင်း လက်လှမ်းမှီသလောက် ရေးသားဖော်ပြ နေခဲ့တာ လူမျိုးစုတပ် (၇)တပ်ထိ ဖော်ပြပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ ရှိတဲ့ UWSA၊ MNDAA၊ NDAA စတဲ့တပ်တွေအကြောင်းကို ဆက်လက်ဖော်ပြဖို့အတွက် သူတို့ရဲ့ မူရင်းတပ်အကြောင်းဖြစ်တဲ့ ဗကပကို နားလည်မှ အဆင်ပြေမယ်လို့ ယူဆတဲ့အတွက် ဗကပအကြောင်းကို ရေးရခြင်းဖြစ်ပါတယ်။  ပေါ်ပေါက်လာပုံသမိုင်းအကျဉ်း ဗမာပြည်ကွန်မြူနစ်ပါတီ (Communist Party of Burma- CPB- ဗကပ) ကို ၁၉၃၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။ အဲ့မတိုင်ခင်မှာ ၁၉၂၀ ပထမကျောင်းသားသပိတ်၊ ၁၉၃၆ ဒုတိယကျောင်းသား သပိတ်၊ ၁၉၃၈ ခုနှစ်မှာ ၁၃၀၀ ပြည့်အရေးတော်ပုံစသဖြင့် အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့တယ်။ အဆိုပါလှုပ်ရှားမှုတွေမှာ အဓိက ပါဝင်ခဲ့သူတွေက ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေဖြစ်တယ်။ ဒီအမျိုးသားရေးလှုပ်ရှားမှု၊ အလုပ်သမားထုရဲ့ လူတန်းစားတိုက်ပွဲတွေကြားကနေ ၁၉၃၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ ဗကပ ကို ရန်ကုန်မြို့ ဘားလမ်းမှာ...

ပအို့ဝ် (PNLO)

Image
ပအို့ဝ် (PNLO) ဗိုလ်မှူးကြီးခွန်ဥက္ကာခေါင်းဆောင်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကတော့ သူ့အရင်မူလအဖွဲ့ဖြစ်တဲ့ Pa-Oh National Organization (PNO) က ၁၉၉၁ မှာ အစိုးရနဲ့အပစ်ရပ်ပြီး ဥပဒေဘောင်အတွင်းဝင်သွားတဲ့အခါ PNO ကနေ ခွဲထွက်လာတဲ့အဖွဲ့ဖြစ်ပါတယ်။ (PNO ကတော့ နိုင်ငံရေးပါတီအဖြစ်နဲ့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရွေးကောက်ပွဲဝင်ပြိုင်ပြီး ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြို့နယ်သုံးခုလုံးမှာ ရွေးကောက်ပွဲတိုင်းအနိုင်ရထားပါတယ်။) PNLO အဖွဲ့ချုပ်ရဲ့ လက်နက်ကိုင်တပ်က Pa-Oh National Liberation Army (PNLA) ဖြစ်ပြီး အင်အားရာဂဏန်းခန့်ရှိမယ်လို့ခန့်မှန်းရပါတယ်။ မောက်မယ်နယ်မှာလှုပ်ရှားပါတယ်။ ၂၀၁၅ မှာ NCA ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး PPST မှာပါဝင်ပါတယ်။

တအောင်း/ပလောင် (TNLA)

Image
တအောင်း/ပလောင် (TNLA) ၁၉၆၃ မှာ ပလောင်အမျိုးသားတပ်ဦး (Palaung National Front-PNF) ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၇၆ မှာ ပလောင်ပြဘ်နယ်လွတ်မြောက်ရေးအဖွဲ့ (PSLO) နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (PSLA) ဆိုပြီးဖြစ်လာပါတယ်။ ၁၉၉၁ မှာတော့ ဗကပပြိုကွဲပြီး အဖွဲ့အသီးသီးက အစိုးရနဲ့ငြိမ်းချမ်းရေးယူလာကြတဲ့အခါ PSLO/PSLA လည်း နဝတနဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ ဒါကိုလက်မခံနိုင်တဲ့လူငယ်ရဲဘော်တွေက အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ရဲ့ အကူအညီနဲ့ ထိုင်းနယ်စပ်မှာ Palaung State Liberation Front (PSLF) ကို ၁၉၉၂ ဇန်နဝါရီမှာ ဖွဲ့စည်းခဲ့ကြပါတယ်။ အင်အား ၃၀၀ ကနေ ၅၀၀ ဝန်းကျင်သာရှိတဲ့ PSLAဟာ နအဖရဲ့ ဖိအားတွေကိုမခံနိုင်ဘဲ ၂၀၀၅ မှာတော့ လက်နက်အပ်၊ တပ်ဖျက်ခဲ့ရပါတယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ PSLF လက်ကျန်ရဲဘော်တွေနဲ့ PSLO တုန်းက စစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ တာညီလုံးတို့ရဲ့ ပြန်လည်ကြိုးစားမှုနဲ့ ၂၀၀၉ မှာတော့ Ta-ang National Liberation Army ကို ပြန်လည်ဖွဲ့စည်းခဲ့ကြပါတယ်။ KIA ဆီမှာ စစ်ပညာသင်၊ လက်ကန်အကူအညီယူပြီး ၂၀၁၁ ဒီဇင်ဘာမှာတော့ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းကို PSLF/TNLA အနေနဲ့ ပြန်လည်ဝင်ရောက်လှုပ်ရှားလာခဲ့ကြပါတယ...

လားဟူ (LDU)

Image
လားဟူ (LDU) ၁၉၇၃ ဇန်နဝါရီမှာဖြစ်ပွားတဲ့ လားဟူလူထုလှုပ်ရှားမှုတစ်ရပ်ကနေ လားဟူညီညွတ်ရေးပါတီ (LUP) ဆိုတဲ့ နိုင်ငံရေးပါတီပေါ်ပေါက်လာပါတယ်။ ၁၉၈၇ မှာ လားဟူအမျိုးသားအဖွဲ့အစည်း (LNO) ဖြစ်လာပြီး ၁၉၉၇ မှာတော့ လားဟူဒီမိုကရက်တစ်တပ်ဦး (LDF) အဖြစ်အမည်ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၈ ဧပြီမှာကျင်းပတဲ့ လားဟူအမျိုးသားညီလာခံကနေ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဆိုပြီးဖြစ်လာပါတယ်။ လက်နက်ကိုင်တပ်အင်အားမရှိသလောက်ဖြစ်ပြီး ထိုင်းနယ်စပ်က ထိုင်းနယ်မြေမှာအခြေပြုတယ်လို့ သိရပါတယ်။ ဦးသိန်းစိန်အစိုးရက LDU ကို လက်နက်ကိုင်အဖွဲ့မဟုတ်ဘူးဆိုပြီး NCA ထိုးဖို့မဖိတ်ခေါ်ခဲ့ပေမယ့် NLD အစိုးရကတော့ ၂၀၁၈ မှာ ဖိတ်ခေါ်ပြီး မွန်ပြည်သစ်ပါတီ (NMSP) နဲ့အတူ NCA လက်မှတ်ထိုးစေခဲ့ပါတယ်။ ဒီလိုမျိုး လူမျိုးစုအသီးသီးကိုကိုယ်စားပြုကြတဲ့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံက မတူညီတဲ့ရည်မှန်းချက်အကျိုးစီးပွားမျိုးစုံနဲ့ ရှမ်းပြည်နယ်ထဲမှာ ဒီလိုမျိုးရှိနေတယ်ဆိုတာကို အကျဥ်းချုပ်မျှတင်ပြခြင်းပဲဖြစ်ပါတယ်။ ရှမ်းပြည်နယ်ရဲ့အရေးဟာ ရှုပ်ထွေးလှသလို အင်မတန်ဂရုတစိုက်ကိုင်တွယ်ဖြေရှင်းရမယ့်အရာလည်းဖြစ်ပါတယ်။ ကိုးကား - ​မောင်မောင်စိုး၊ ဦး၊ (၂၀၂၁၊ ဧပြီ)၊ မိုင်းလားအဖ...

ကိုးကန့် (MNDAA)

Image
ကိုးကန့် (MNDAA) ၁၉၅၈ မှာ ကိုးကားစော်ဘွား အာဏာစွန့်ရပြီးတဲ့နောက်မှာ ကိုးကန့်စော်ဘွားနဲ့ ဖုန်ကြားစင်း၊ ဖုန်ကြားဖူးတို့က အစိုးရကို ပုန်ကန်ခဲ့ကြပါတယ်။ ကိုးကန့်စော်ဘွားက ကိုးကန့်ဒေသကိုစွန့်ခွာသွားတဲ့နောက်မှာတော့ ဖုန်ကြားစင်းတို့က ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပေါင်းပြီး အစိုးရကိုဆက်တိုက်ခဲ့ကြပါတယ်။ ၁၉၈၉ မတ်လ ၁၂ရက်နေ့မှာတော့ ဖုန်ကြားစင်းဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ဟာ ဗကပ ကနေ ခွဲထွက်ပြီး Myanmar National Truth and Justice Party (MNTJP)၊ Myanmar National Democratic Alliance Army (MNDAA) ကို တည်ထောင်ခဲ့ပါတယ်။ MNTJP ကတော့ နိုင်ငံရေးအင်အားစုဖြစ်ပြီး MNDAA ကတော့ လက်နက်ကိုင်တပ်ဖြစ်ပါတယ်။ ဒီလို MNTJP/MNDAA တည်ထောင်ပြီးနောက်မှာပဲ နဝတအစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ နဝတအစိုးရကလည်း ကိုးကန့်ဒေသကို ရှမ်းပြည်နယ်အထူးဒေသ-၁အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ၁၉၉၂ က စပြီး ကိုးကန့်ဒေသထဲကို အစိုးရတပ်တွေ တစ်စတစ်စခြေကုပ်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၀၉ မှာတော့ BGF ပြောင်းရေးကိစ္စ၊ လက်နက်စက်ရုံကိစ္စတို့ကြောင့် ဖုန်ကြားစင်းတို့နဲ့ အစိုးရတို့ပဋိပက္ခဖြစ်လာပြီး အစိုးရတပ်များက ကိုးကန့်ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ MNDAA တို့ က...

ရှမ်းပြည်နယ်ရှိ လူမျိုးစု လက်နက်ကိုင်တပ်များ

Image
ရှမ်းပြည်နယ်ရှိ လူမျိုးစုလက်နက်ကိုင်တပ်များ ရှမ်းပြည်နယ်ထဲမှာ လက်နက်ကိုင်အဖွဲ့တွေတော်တော်များများရှိနေပါတယ်။ အဲတာကြောင့်လည်း ရှမ်းပြည်အရေးက အက်မတန်ရှုပ်ထွေးလှပါတယ်။ ဒီလိုရှုပ်ထွေးလှတဲ့ရှမ်းပြည်က လက်နက်ကိုင်များအကြောင်းတွေထဲက SSPP၊ RCSS နဲ့ UWSP တို့အကြောင်းကိုတော့ ရှေ့ဆောင်းပါးတွေမှာပြောခဲ့ပြီးပါပြီ။ ဒီစာမှာတော့ ရှမ်းပြည်နယ်ထဲမှာကျန်နေသေးတဲ့လက်နက်ကိုင်အဖွဲ့တွေအကြောင်းကို လက်လှမ်းမီသလောက် အကျဥ်းချုပ်ပြီးပြောသွားမှာပါ။ မိုင်းလား (NDAA) National Democratic Alliance Army (NDAA) ဟာ ရှမ်းပြည်၊ မိုင်းလားဒေသမှာ အခြေစိုက်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရှိစဥ်က ပါတီရဲ့ ၈၁၅ စစ်ဒေသဖြစ်ခဲ့ပြီး အာခါလယ်သမားပြောက်ကျားတွေကို အခြေပြုပေါ်ပေါက်လာတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ၈၁၅ စစ်ဒေသဟာ ၁၉၈၉ ဧပြီလ ၁၉ ရက်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီကခွဲထွက်ခဲ့ပြီး NDAA ဖြစ်လာပါတယ်။ NDAA ဆိုတာကစစ်တပ်ဖြစ်ပြီး သူရဲ့နိုင်ငံရေးအင်အားစုကတော့ Peace and Solidarity Committee (PSC) ဖြစ်ပါတယ်။ PSC ရဲ့ အတွင်းရေးမှူးအဖွဲ့က စစ်ရေးကော်မတီ၊ ​ဒေသန္တရအုပ်ချုပ်ရေးကော်မတီ၊ စီးပွားရေးကော်မတီ၊ တရားရေးကော်မတီနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရ...

၈၈၈၈ အရေးတော်ပုံ သမိုင်းဖြစ်စဉ်။

Image
◾️ ၈၈၈၈ အရေးတော်ပုံ သမိုင်းဖြစ်စဉ်။  ၁၉၆၂ခုနှစ်၊ဆဲလ်ဗင်းဇူလိုင်အရေးအခင်းနှင့်ဦးသန့်အရေးအခင်းတို့မှ စတင်လောင်ကျွမ်းခဲ့သော အာဏာရှင်တော်လှန်ရေး မီးစသည် ၁၉၈၈ခုနှစ်တွင် တဟုန်းဟုန်းတောက်‌လောက်လာခဲ့တော့သည်။ (၈၈၈၈) အရေးအခင်း စတင်ခဲ့ပုံမှာ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် နှင့် ကိုစိုးနိုင် တို့မတရားသဖြင့်အသတ်ခံရခြင်း ၊ ငွေစက္ကူများ (အဓိကအားဖြင့် ၂၅ကျပ်တန် နှင့် ၇၅ကျပ်တန် ) တရားမဝင်ဟု ကြေငြာ၍ ထိုငွေစက္ကူများကို သိမ်းခြင်း၊ တိုင်းပြည်စီးပွားရေး ကျဆင်းခြင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မှာ မအောင်မြင်ခြင်း၊ ရဲတပ်ဖွဲ့၏ဖိနှိပ်မှုများရှိခြင်း၊ အဂတိလိုက်စားမှုများပေါများလာခြင်း နှင့် အဓိက တရားခံဖြစ်သည့် စစ်အာဏာရှင် ရှိနေခြင်းတို့ကြောင့်ဖြစ်သည်။ မဆလ အစိုးရ ကြောင့် တိုင်းပြည်၏စီးပွားရေးကျဆင်းနေချိန် ၁၉၈၇ ခုနှစ် ၊ စက်တင်ဘာလ (၅) ရက်နေ့‌တွင် ပြည်သူများ အသုံးပြုမှုအများဆုံးငွေစက္ကူများ (၂၅ကျပ်တန် ၊ ၃၅ ကျပ်တန် နှင့် ၇၅ ကျပ်တန်) များကို တရားမဝင်ကြောင်းကို ကြိုတင်အသိပေးကြေငြာခြင်းမရှိပါဘဲနှင့် သိမ်းယူလိုက်သည်။ ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ ကျောင်းသား၊ ရဟန်းသံဃာ နှင့်ပြည်သူများ မကျေနပ်ကြချေ။ စိတ်နှ...

၈၈၈၈ အရေးတော်ပုံ မှတ်တမ်း

Image
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၃၄ နှစ်တိုင်သော်လည်း စစ်အာဏာ ရှင် စနစ်နှင့် စစ်တပ်၏ ရက်စက်သတ်ဖြတ်မှုများက မပြောင်းမလဲရှိနေဆဲ ရန်ကုန်၊ ဩဂုတ် ၈  ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ စစ်အာဏာရှင် ဦးနေဝင်း၊ မဆလ တစ် ပါတီ အာဏာရှင် တော်လှန်ရေးအတွက် ရှစ်လေးလုံး လူထု လှုပ်ရှားမှု အရေး တော် ပုံကြီး ပေါ်ထွန်းခဲ့ပါတယ်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တစ် နိုင် ငံလုံး အုံကြွပြီး စစ်အာဏာရှင်နဲ့ တစ်ပါတီ အာဏာရှင်စနစ် ချုပ်ငြိမ်း ရေး ၊ ဒီမိုကရေစီအရေး တောင်းဆိုခဲ့ကြတာပါ။  ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှု အရေးတော် ပုံကြီး ၃၄ နှစ်ပြည့်လာပြီဖြစ်ပေမယ့်လည်း စစ်တပ်က ပြည်သူတွေကို သတ် ဖြတ်၊ ရွာတွေမီးရှို့၊ ပြည်သူပိုင်ပစ္စည်းတွေ လုယက်၊ အမျိုးသမီးတွေကို မုဒိမ်း ကျင့် စတဲ့ ဖက်ဆစ် လုပ်ရပ်တွေကို ဆက်လက်ကျူးလွန်နေပြီး နိုင်ငံတော် အာဏာ ကိုလည်း လူမိုက်ဆန်ဆန် ဆက်လက်သိမ်းယူထားဆဲဖြစ်ပါတယ်။  လွန်ခဲ့သော ၃၄ နှစ်ကာလ ရှစ်လေးလုံးလူထုလှုပ်ရှားမှု အရေးတော်ပုံကြီးရဲ့ အမှတ် ရစရာ ဓာတ်ပုံတွေကို ပြန်လည် မျှဝေလိုက်ပါတယ်။ #Credit Khit Thit Media  ...

သမိုင်းကွင်းဆက် ကွက်လပ် တစ်နေရာ (အပိုင်း ၅)

Image
၁၉၇၈ ခုနှစ် ဂျူလိုင်(၅)ရက်နေ့က စခဲ့တဲ့ တပ်ဦးကျောင်းသားရဲဘော်များရဲ့ ဖမ်းဆီးခံရမှုနောက်မှာ မဆလစစ်အာဏာရှင်တို့ရဲ့ ဗီဇသဘာဝအတိုင်း သက်ဆိုင်ဆက်စပ်သည်ဖြစ်စေ၊ မသက်ဆိုင်မဆက်စပ်သည် ဖြစ်စေ တနိုင်ငံလုံး တံမြက်လှဲလူဖမ်းပွဲပြီးတခုကို စစ်ထောက်လှမ်းရေးက စစ်ဆင်ပြုလုပ်ခဲ့တဲ့အတွက် မြန်မာပြည်တနံတလျား နယ်ပယ်ပေါင်းစုံက လူပေါင်း ၂၀၀ ပတ်ဝန်းကျင် ဖမ်းဆီးခံခဲ့ရပါတယ်။ အင်းစိန် အကျဉ်းထောင်နဲ့ နယ်အကျဉ်းထောင်အချို့၊ ရဲစခန်းအချို့မှာ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်းခံခဲ့ရတဲ့သူတွေချည်းပါပဲ။ ဒီလူတွေထဲက လုံးဝမသက်ဆိုင်သူများကို တနှစ်တာဖမ်းဆီးချုပ်နှောင်ထားပြီးမှ ကျန်သူအများစုကို အရေးပေါ်စီမံချက်အက်ဥပဒေ၊ မတရားသင်းပုဒ်မနဲ့ ရုံးတင်တရားစွဲရာမှာ သက်သေအဖြစ် အဓမ္မစာရင်းတင်စစ်ဆေးကာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။   တပ်ဦးကျောင်းသားရဲဘော်များနဲ့ မဟာမိတ်ကျောင်းသားရဲဘော်တွေကိုတော့ တရားအဖြစ် သတ်မှတ်ခံရသူတွေအပေါ် ပုဒ်မ ၅(က)၊ ၅(င)၊ ၅(ည)/၃၄ တွေနဲ့ ရုံးတင်တရားစွဲပြီး ကျန်သူတွေကို အဓမ္မ မတရားသက်သေ ထွက်ဆိုခိုင်းကာ ၁၉၈၀ ခုနှစ် စောစောပိုင်းမှာမှ လွှတ်ပေးခဲ့ပါတယ်။ တရားခံအဖြစ် သတ်မှတ်ခံရတဲ့ တပ်ဦးကျောင်းသားရဲဘော် ၁၀ ဦးဟာ ၁၉၈၀ ခုနှစ်၊ မေလ ...

သမိုင်းကွင်းဆက် ကွက်လပ် တစ်နေရာ (အပိုင်း ၄)

Image
ဒါတွေကို ကြိုတင်လုပ်ဆောင်နေတဲ့အချိန်မှာ ကျောင်းသား“ထု”ထဲမှာရှိနေတဲ့ ရန်သူ့အထောက်အပံ့ခံ မွေးစားကျောင်းသားသတင်းပေးတွေကို ရဲဘော်တွေအနေနဲ့ သိပ်ဂရုမထားခဲ့ပါဘူး။ ကိုယ့်အကြံ၊ ကိုယ့်မာန်နဲ့ နောက်လှည့်မပြန်ဘူးဆိုတဲ့ “နောင်ရိုးစိတ်ဓါတ်” က တပ်ဦးရဲဘော်အားလုံးလိုလိုမှာ လွှမ်းမိုးခဲ့ပါတယ်။ ဒီအချိန်မှာ ဂျူလိုင်(၃)ရက်၊ စက်မှုတက္ကသိုလ်အထိမ်းအမှတ်ပွဲ အစီအစဉ်ကို ရန်သူကကြိုသိပြီး အင်အားအလုံးအရင်းနဲ့ စောင့်ကြပ်ပိတ်ဆို့ နှိမ်နင်းဖြိုခွဲဖို့ အသင့်ပြင်ထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အသင့်ပြင်ထားတာကို နောက်မဆုတ်ချင်ကြတော့တဲ့ တပ်ဦးရဲဘော်တွေဟာ (၃)ရက်နေ့အစား (၅)ရက်နေ့ကိုရွှေ့ပြီး မဖြစ်မနေလုပ်ဖို့ ထပ်ဆုံးဖြတ်ခဲ့ပါတယ်။ (၅)ရက်နေ့မှာလည်း မဆလစစ်အုပ်စု ထောက်လှမ်းရေးတွေနဲ့ သူတို့ရဲ့ သတင်းပေးကျောင်းသား၊ ဆရာတချို့ဟာ “ဖြိုခွဲရန်အသင့်” အနေအထားနဲ့ စောင့်ကြိုနေကြပြန်ပါတယ်။   အဲဒီနေ့ မနက် (၈)နာရီကျော်ကျော်လောက်မှာ တာဝန်ကျတပ်ဦးရဲဘော်ကျောင်းသားနှစ်ဦးဟာ စက်မှုတက္ကသိုလ် ပင်မအဆောက်အအုံအ၀င်အောက်မှာ စီစဉ်ထားတဲ့အတိုင်း သမဂ္ဂခွပ်ဒေါင်းအလံလွှင့်ထူ၊ ကြွေးကြော်သံတိုင်ပြီး တဖွဲဖွဲရောက်လာတဲ့ ကျောင်းသားတွေကြားမှာ လှုပ်ရှားမှုကို...

သမိုင်းကွင်းဆက် ကွက်လပ် တစ်နေရာ (အပိုင်း ၃)

Image
အပိုင်း ၃ တချိန်တည်းမှာ မဆလစစ်အစိုးရရန်ရဲ့ ဖိနှိပ်မှုယန္တရားက လက်ပေါက်စိပ်တာမို့ “ထု”ထဲမှာတောင် ထောက်လှမ်းရေး သတင်းပေးတွေ မွေးမြူထားနိုင်တာကြောင့် လုံခြုံရေးစည်းတာ ကျိုးပေါက်လွယ်တဲ့အနေအထား ဖြစ်တယ်လို့ ရှုမြင်ပါတယ်။ ခေါင်းဆောင်မှု “ငါ” ဟာ စုစည်းတည်ဆောက်စ အတွေ့အကြုံနုနယ်သေးပြီး လုံခြုံရေးစည်း အလွယ်တကူကြိုးပေါက်ရင် ခါးဆက်ပြတ်သွားနိုင်တယ်လို့ တွက်ချက်ပါတယ်။ ခြုံကြည့်ရင် “ရန်၊ ငါ၊ ထု" ရဲ့ အင်အားအနေအထားဟာ တိုက်ပွဲကြီးတရပ် ဖော်ဆောင်နိုင်ဖို့ အခွင့်အရေးမပေးသေးဘူးလို့ ကောက်ချက်ချပါတယ်။ သမင်မမွေးနိုင်ခင် ကျားစားခံရကိန်းရှိတယ်လို့ ယူဆတာမို့ ဒီခွန်လေးလုံး (၇၊ ၇၊ ၇၇) လှုပ်ရှားမှုကို အကန့်အသတ်နဲ့သာလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တပ်ဦးခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်ချက်အတိုင်း ကျောင်းသားထုအတွင်း လှုံ့ဆော် (Pamphlet) တွေ ဖြန့်ပြီး အထိမ်းအမှတ်ပြုခဲ့ပါတယ်။   ဒါပေမဲ့ တပ်ဦးပြင်ပ ကျောင်းသားခေါင်းဆောင်မှုတချို့ကတော့ ဒီခွန်လေးလုံး (၇၊ ၇၊ ၇၇) လှုပ်ရှားမှုကို မဖြစ်မနေဖော်ဖို့ သဘောထားရှိခဲ့ပါတယ်။ ဒီရဲဘော်တွေနဲ့ ညှိနှိုင်းအဆင်မပြေဖြစ်တာမို့ တချို့ကဆိုရင် “တပ်ဦး”ကို “တပ်ဖျား”လားလို့တောင် ခနိုးခနဲ့ ဝေဖန်ခဲ့...